• Future Youths Education အကြောင်း

    နိုင်ငံရေးမငြိမ်မသက်မှုကြောင့် ဆယ်တန်းဖြေဆိုခွင့်၊ ပညာသင်ယူခွင့် ဆုံးရှုံးခဲ့ရသော ကျောင်းသား/သူ များအတွက် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် ဒဿမတန်း(စနစ်ဟောင်း)ကို ဖြေဆိုနိုင်ကြစေရန် ရည်ရွယ်၍ Future Youths Education ကို စေတနာရှင် ဆရာ၊ ဆရာမ များ စုဖွဲ့၍ ၁ .၉.၂၀၂၂ ရက်နေ့တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ မည်သည့်ဒေသကမဆို အခက်အခဲမျိုးမျိုး၊ အကြောင်းအမျိုးမျိုးကြောင့် နေ့အချိန်များတွင် ကျောင်းမတက်ရောက်နိုင်သည့် ကျောင်းသား/သူ များကို အခမဲ့ ပညာသင်ကြားပေးနိုင်ရန် ညကျောင်းသဖွယ် သင်ကြားပေးခြင်းဖြစ်ပါသည်။

    ရည်ရွယ်ချက်

    • နိုင်ငံရေး မတည်မငြိမ် ဖြစ်နေသောကာလတွင် ကျောင်းသား/ သူ များ ပညာသင်ယူခွင့် မပြတ်လပ်စေရန်။
    • နေ့ခင်းနေ့လည်အချိန်တွင် မိသားစုဝမ်းစာရှာဖွေနေရသော ကျောင်းသားလူငယ်များ အတွက် ညအချိန် သင်ယူခွင့်ရရှိစေရန်။
    • ပညာသင်ယူရန် အခကြေးငွေ မတတ်နိုင်သူများအား ပရဟိတကူညီဆောင်ရွက်ပေးရန်။
    • စစ်ရေးအခြေအနေ ပြင်းထန်၍ ပညာသင်ယူရန် ဝေးလံခေါင်ဖျားသော ဒေသများမှ ကျောင်းသား/သူ များအား အကူအညီပေးနိုင်ရန်။
    • ပညာတတ် သားကောင်းရတနာများ ပေါ်ထွန်းလာစေရန်။

    မျှော်မှန်းချက်

    • ကျောင်းသား/သူများထံမှ ငွေကြေး လုံးဝ (လုံးဝ) ကောက်ခံခြင်းမရှိဘဲ အခမဲ့ပညာရေး ပေးအပ်နိုင်ရန် ကြိုးစားလျက်ရှိပါသည်။
    • အခက်အခဲရှိသည့် ကျောင်းသား/သူများ၊ ထူးချွန်သည့် ကျောင်းသား/သူများအတွက်  Scholarship ရှာဖွေပေးသည့်အစီအစဉ်များလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
    • နိုင်ငံတကာတက္ကသိုလ်များ၊ ကျောင်းများသို့ တက်လှမ်းနိုင်မည့် ပညာရေးအခြေခံကောင်းရရှိသည့်အထိ ဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။